ကျွန်ပ်တို့၏ယုံကြည်ချက်
ဤဩဝါဒခံယူချက်သည် ကျယ်ကျယ်ပြန့်ပြန့်၊ တိတိကျကျနှင့်သမ္မတရားကို လေးလေးနက်နက်ခံယူမှုအပေါ် ရောင်ပြန်ဟပ်စေသည်။ သမ္မာကျမ်းစာနှင့်ကိုက်ညီမှုရှိသည်၊ သမိုင်းကြောင်းနှင့်အတွေ့အကြုံများ၏ စမ်းစစ်မှု နှင့် ကိုက်ညီမှုရှိသည်။ သမိုင်းကြောင်း၊ အတွေ့အကြုံများ၏ စမ်းစစ်မှုနှင့်ရပ်တည်ခဲ့သည်။ ကျွန်ပ်တို့သည် အောက်ပါ ဩဝါဒများကို အသေးစိပ်အခိုင်အမာအတည်ပြုပါသည်။
၁။ သမ္မာကျမ်းစာ
ကျွန်ပ်တို့သည် သမ္မာကျမ်းစာတစ်အုပ်လုံးအား ဘုရားသခင်မှုတ်သွင်းထားသော နှုတ်ကပတ်တော်ဖြစ်ပြီး သမ္မာကျမ်းစာထဲရှိ စကားလုံးတိုင်းကိုရေးသားဖို့ရန် ဘုရားသခင်၏လူများသည် သန့်ရှင်းသောဝိညာဥ်တော် အားဖြင့် တိုက်တွန်းခြင်းခံရသည်ဟုယုံကြည်ပါသည်။ ထို့ကြောင့်မူရင်းသမ္မာကျမ်းစာသည် အမှားအယွင်းမရှိ ပါ။ ဘုရားသခင်သည် သမ္မာကျမ်းစာကိုအထူးပြင်ဆင်ထားသောအရာဖြစ်ပြီး အားထားရန်တစ်ခုတည်းသော အရာဖြစ်ကာ ယုံကြည်ခြင်းနှင့် အသက်တာအတွက် ခွန်အားပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ နှစ်သိမ့်ပေးခြင်းဖြစ် ပြီး ဖြောင့်မတ်ခြင်းအတွက် နည်းလမ်းတကျ သွန်သင်ပေးသည့်အရာဖြစ်ကြောင်းယုံကြည်ပါသည်။ (၂တိ ၃း၁၆-၁၇၊၂ပေ ၁း၂၀-၂၁)
၂။ တစ်ဆူတည်းသောဘုရား(သုံးပါးတစ်ဆူ)
ကျွန်ပ်တို့သည်ပုဂ္ဂိုလ်သုံးပါးတွင် (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်) အထင်အရှား ထာဝရတည်ရှိ၍ တစ်ဆူတည်းသောဘုရားဖြစ်ပြီး ပုဂ္ဂိုလ်တစ်ပါးစီတိုင်းသည် တူညီမျှသောဘုရားဖြစ်ကာ ထိုသုံးပါးစလုံးသည် ဘုရားဖြစ်ခြင်း၏ သဘောသဘာဝနှင့် လက္ခဏာကိုပိုင်ဆိုင်ကြသည်။ ထိုသုံးပါးတစ်ဆူ ဘုရားသည် ကျွန်ပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းကို အပြည့်အဝခံထိုက်သည်ဟု ယုံကြည်ပါသည်။ (တရားဟော၊ ၆း၄၊ မဿဲ ၂၈း၁၉၊ယော ၁း၄၊ ယော ၁၀:၃၀၊ ၂ကော ၁၃း၁၄)
၃။ ခမည်းတော်ဘုရား
ခမည်းတော်ဘုရားသခင်သည် သုံးပါးတစ်ဆူတွင် ပထမပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ထာဝရတည်ရှိသောဘုရားဖြစ်၍ မပြောလဲသော၊ တန်ခိုးနှင့်ပြည့်စုံသော အရာခပ်သိမ်းကိုသိ၍ ချစ်ခြင်းမေတ္တာရှင်ဖြစ်သည်။တရားမျှတ၍ သန့်ရှင်းသောဘုရားဖြစ်ပြီး အချုပ်အခြာအာဏာပိုင်သောဘုရားဖြစ်သည်။ စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်သောဘုရားဖြစ်၍ ကယ်တင်ရှင်သခင်ယေရှု၏ ခမည်းတော်ဖြစ်ပြီး ယုံကြည်သူအားလုံး၏အရှင်လည်း ဖြစ်သည်ဟု ယုံကြည်ပါသည်။
၄။ သားတော်ဘုရား
ယေရှုခရစ်သည် သုံးပါးတစ်ဆူတွင် ဒုတိယပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ထာ၀ရဘုရားသခင်၏တစ်ပါးတည်းသော သားတော် ဖြစ်ကာ လောကရှိအပြစ်သားအားလုံး ဘုရားကိုမြင်စေရန်အတွက်၊ အနာဂတ္တိစကားပြည့်စုံစေလျက် လူ့ဇာတ္တိကို ခံယူကြွလာသော ဘုရားဖြစ်သည်။ ဘုရားဇာတိ လူ့ဇာတ္တိအပြည့်အဝရှိလျက် ထိုနှစ်ပါးသည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကာ ထာဝရတည်တံ့သော အရာဖြစ်သည်။ ယေရှုခရစ်တော်ဘုရားသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ထူးခြားစွာပဋိသန္ဓေတည်၍ အပျိုကညှာဝမ်းမှ မွေးဖွားခဲ့လျက် အပြစ်လုံးဝကင်းစင်လျက် လက်ဝါးကပ်တိုင်ပေါ်တွင် အပြစ်သားအားလုံးအတွက် အပြစ်ဖြေရာယဇ်ကောင်အနေ ဖြင့်အသေခံ၍ သဂြိုလ်ခြင်းကိုခံပြီးမှ ခန္ဓာကိုယ်တော်အားဖြင့်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ယေရှုခရစ်တော်ဘုရား သည် မိမိ၏ဘုန်းတော်နှင့် ကောင်းကင်ဘုံသို့တက်ကြွတော်မူခဲ့ပြီး ခမည်းတော်ဘုရား၏ လက်ယာတော်တွင်ထိုင်လျက် ယုံကြည်သူများအတွက် ဆုတောင်းပေးလျက်ရှိနေပြီး ၊ မြေကြီးပေါ်သို့ တစ်ဖန်ကြွလာလျက် ယုံကြည်သူများကို ပြန်လည်သိမ်းဆည်းဖို့ရန် ခန္ဓာတော်အားဖြင့်ကြွလာမည်ဖြစ်ပြီး လူ့သမိုင်းကို အဆုံးသတ်စေပြီး ဘုရားသခင်၏ ထာဝရအကြံစည်တော်ဖြစ်သော အနှစ်တစ်ထောင်အုပ်စိုးခြင်း ပြီးနောက် တရားစီရင်ခြင်းကို အကောင်ထည်ဖော် လုပ်ဆောင်မည်ဖြစ်ကြောင်း ကျွန်ပ်တို့ယုံကြည်ပါသည်။
(ယော ၁း၁၊ ၁၄၊၁၈၊၃း၁၆၊ လု ၁း၃၀-၃၅၊ ဖိ ၂း၅-၈၊ ကော ၂း၃၊ မာကု ၁၀:၄-၅၊ တ၂း၂၂-၂၄၊ ယော ၁း၂၉၊ ရောမ ၃း၂၅-၂၆၊ဟေ ၁၀:၅-၁၄၊ ၁ပေ ၂း၂၄၊၃း၁၈၊ ယော ၂၀:၂၀၊ ဟေဗြဲ ၁း၃၊ ရောမ ၈း၃၄၊ ၁ယော ၂း၁၊တမန် ၁း၁၁၊ဟေဗြဲ ၉း၂၈၊ ၁သက် ၄း၁၃-၁၈၊ ၂သက်း၂း၇၊ မဿဲ ၂၄း၄၄၊ ဗျာ ၁၉း၁၁-၂၁၊၂၁း၂၂)
၅။ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား
သန့်ရှင်းသောဝိညာဥ်တော်ဘုရားသည် သုံးပါးတစ်ဆူတွင် တတိယပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ခရစ်တော်ဘုန်းတော် ထင်ရှားစေရန် ပင်တေကုတ္တေနေ့၌ လောကသို့ဆင်းသက်လာပြီး လူသားများခရစ်တော်အားဖြင့် ကယ်တင်ခြင်း ရရှိရန် ပြုလုပ်သည်ဟု ကျွန်ပ်တို့ယုံကြည်ပါသည်။ သန့်ရှင်းသောဝိညာဥ်တော်ခွန်အားပေးခြင်း နှင့် အပြစ်အတွက်ဆုံးမပဲ့ပြင်ခြင်းတွင် အဓိကလုပ်ဆောင်ပေးသောသူဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်ဘု ရားသည် ယုံကြည်သူများအား ယေရှုခရစ်တော်၌ ဗတ္တိဇံအားဖြင့် အသက်တာသစ်နှင့်ကယ်တင်ခြင်းအားဖြစ် ပွားစေကာ ယုံကြည်သူအသက်တာ၌ထာဝရတည်ရှိ၍ ကယ်တင်ခြင်း နေ့ရက်တိုင်အောင် ယုံကြည်သူများကို တံဆိပ်ခတ်သည်။ သန့်ရှင်းသောဝိညာဥ်တော်ဘုရားကိုအုပ်စိုးခွင့်ပြုသူတိုင်းအား သန့်ရှင်းသောဝိညာဥ်တော် နှင့် ပြည့်ဝပြီး လမ်းပြပို့ဆောင်ကာဝိညာဥ်အသီးသီးစေလျက် အပြစ်တရား၏အုပ်စိုးခြင်းအောက်မှ လွတ်မြောက်ခွင့်ပေးသည်။ သမ္မာကျမ်းစာသွန်သင်ချက်နှင့်အညီ အသင်းတော်ကိုကြီးထွားစေသော ရည်ရွည်ချက်နှင့် ယုံကြည်သူများအား ဝိညာဥ်ဆုကျေးဇူးကို ပေးခြင်းဖြစ်ကြောင်း ကျွန်ပ်တို့ယုံကြည်ပါသည်။
( ၁ကော ၁၃း၈၊ ၁ကော ၁၄း၂၂၊ ယော ၁၆း၇-၁၅၊ ၁ကော ၆း၁၉၊ ၁၂း၁၃၊ ဧဖက် ၁း၁၃-၁၄၊၄း၃၀၊ ဂလာ ၅း၁၆-၁၇၊ ၂၂-၂၃၊ ရောမ ၈း၅-၁၃၊ ၁ပေ ၄း၁၀-၁၁၊ ရောမ ၁၂း၃-၈)
၆။ လူသား
ဘုရားသခင်၏လုပ်ဆောင်ချက်များအားဖြင့် လူသည်ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီဖန်ဆင်းခံရသူဖြစ်သည် ဟု ကျွန်ပ်တို့ယုံကြည်ပါသည်။ လူသားသည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် ဘုရားသခင်ကို အစေခံရရန်၊ ဘုရားသခင်ကို ကိုးကွယ်ရန်နှင့်ဘုရားဘုန်းတော်ထင်ရှားစေရန် ဖန်ဆင်းခြင်းခခံရပါသည်။ ဘုရားသခင်ကို မနာခံခြင်းကြောင့် လူသားသည် အပြစ်သို့ကျဆင်းခဲ့ရသည်။ ထို့ကြောင့် ခန္ဓာနှင့် ဝိညာဥ်သေခြင်းဝင်ရောက် လာပြီး ဘုရားသခင်နှင့်ကင်းကွာစေသည်။ လူသားသည် အပြစ်တရားကြောင့် ပုပ်ပျက်သေဆုံးသောသူဖြစ်ခဲ့ရ သည်။ လူသားသည် မိမိကိုယ်မိမိ အပြစ်တရားမှကယ်တင်နိုင်စွမ်းမရှိပါ။ ဘုရားသခင်နှင့်လည်း မှန်ကန်သော မူလဆက်နွယ်မှုကို ပြန်လည်၍ရယူနိုင်စွမ်းမရှိကြောင်း ကျွန်ပ်တို့ယုံကြည်ပါသည်။
(ကမ္ဘာ ၁း၂၆၊ ၂း၆၊၁၇၊၃း၁၇-၂၄၊ ဟေရှာ ၅၉း၁-၂၊ ရောမ ၃း၉-၁၉၊ ၅း၆-၈၊ လုကာ ၁၈း၂၆-၂၇၊ဧဖကါ၂း၁-၃)
၇။ စာတန်
စာတန်သည် မကောင်းမှုကိုလှုံဆော်သူဖြစ်ပြီး မကောင်းမှု၏စံပြရသောပုဂ္ဂိုလ်ဖြစ်သည်။ စာတန်သည် ကျဆင်းသော ကောင်းကင်တမန်ဖြစ်ပြီး ဘုရားသခင်အာဏာစက်၏လုပ်ဆောင်မှုအောက်၌ ကမ္ဘာမြေကို ယာယီအုပ်စိုးခွင့်ရသောသူဖြစ်သည်၊ စာတန်သည်လက်ဝါးကပ်၌ကျရှုံးခဲ့သည်သာမက ခရစ်တော်၏အနှစ် တစ်ထောင်အုပ်စိုးခြင်းကာလအပြီးတွင် တရားစီရင်ခြင်းခံရကာ ထာဝရငရဲမီးအိုင်သို့ ချလိုက်ခြင်းကိုခံရမည့် သူဖြစ်သည်။ ကြားကာလတွင် စာတန်သည်လောကကို လိမ်လည်လှည့်စားပြီး သူ၏နိုင်ငံတည်ထောင်ရန် ကြိုးပမ်းကာ ဘုရားသခင်၏နာမကို စော်ကားအလွဲသုံးစားပြုလျက် ယုံကြည်သူများကို ပျက်စီးဖို့ရန် နည်းအမျိုးမျိုးဖြင့် သွေးဆောင်ဖျက်ဆီးနေသူဖြစ်သည်။ ယုံကြည်သူများသည် မိမိတို့၏ယုံကြည်ချက်နှင့် သန့်ရှင်းသော ဝိညာဥ်တော်၏တန်ခိုးအပေါ်မှီခိုခြင်းအားဖြင့် စာတန်ကိုခုခံနိုင်သည်ဟု ကျွန်ပ်တို့ယုံကြည်ပါ သည်။ (ကမ္ဘာ ၃း၁-၅၊ဟေ ၁၄း၁၂-၁၇၊ယေဇကျေ ၂၈း၁၁-၁၉၊ယောဘ ၁း၂ ၁ယော ၅း၁၉၊ ၂ကော ၁၁း၁၄၊ ၁တိ ၃း၆၊ ၁ပေ ၅း၈-၉၊ ယာကုပ် ၄း၇၊ ဗျာ ၁၂း၉၊၂၀.၁-၃၊၇-၁၀)
၈။ ကယ်တင်ခြင်း
လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုခရစ်တော်အသွေးသွန်းလောင်းခြင်းသည် အပြစ်ကိုခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်း အတွက် တစ်ခုတည်းသောအခြေခံအကြောင်းအရာကို ဖြည့်ဆည်းပေးပြီး ထိုအရာသည် ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်ဖြစ်သည်ဟု ကျွန်ပ်တို့ယုံကြည်ပါသည်။ ကယ်တင်ခြင်းသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အသက်တာသစ်ကိုပေးသော လုပ်ဆောင်ချက်ဖြစ်ပြီး လူသား၏လုပ်ဆောင်ချက်နှင့် ကောင်းမှုကုသိုလ်အားဖြင့်မရရှိနိုင်ပါ။ ယေရှုခရစ်တော်၏လုပ်ဆောင်ချက်ကို ယုံကြည်သောသူမှသာလျှင် ကယ်တင်ခြင်းကိုရရှိနိုင်သည်။ နောင်တတရားသည် အပြစ်တရားမှဖယ်ခွာပြီး ဘုရားသခင်ထံသို့ဦးတည်နေခြင်းဖြစ်သည်။ ဧဝံဂေလိတရားသည် ယုံကြည်သောသူအယောက်စီတိုင်း၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။ ယေရှုခရစ်ကို ယုံကြည်လက်ခံသောသူတိုင်းသည် ဒုတိယမွေးဖွားသောသူဖြစ်ကာ အပြစ်လွှတ်ခြင်းခံရပြီး ဘုရားသား/သမီးဖြစ်၍ ခရစ်တော်၌အသစ် သောသတ္တဝါဖြစ်သည့်အတူ သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် တံဆိပ်ခတ်ခြင်းခံရပြီး ဘုရားသခင်၏စောင့် ရှောက်ခြင်းခံရကြောင်း ကျွန်ပ်တို့ယုံကြည်ပါသည်။ (ဧဖက် ၁းရ၊၁၃-၁၄၊ ယော ၁း၁၂-၁၃၊ ၃း၁-၇၊ ၁၄-၁၆၊ ၂ကော ၅း၁၇၊ ရောမ ၁း၁၆၊ ၁၀.၉-၁၀၊ဧဖက် ၂း၈-၁၀၊ရောမ ၈း၁၄-၁၇၊၃၁-၃၉၊ယော ၁၀.၂၇-၂၉၊၁၄း၆၊ တမန် ၂၆း၂၀၊ ၁ပေ ၁း၃-၅)။
၉။ ခရစ်ယာန်အသက်တာ
ယုံကြည်သူတိုင်းသည် မိမိအတွက်ရှင်သန်ခြင်းမဟုတ်ဘဲ ခရစ်တော်အတွက်ရှင်သန်ကြရမည်။ ခရစ်တော်ကို အသက်တာတွင် ခွင့်ပြုလျက် သန့်ရှင်းသော ဝိညာဥ်တော်ကို ကျိန်းဝပ်စေတော်မူခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံခြင်းအားဖြင့် ယုံကြည်သူအယောက် စီတိုင်းသည် ကြီးထွားရင့်ကျက်ပြီး ခရစ်တော်ကဲ့သို့ ဖြစ်ရမည်။ သန့်ရှင်းသော ဝိညာဥ်တော်၏တန်ခိုးတော်၌ ယုံကြည်သူတိုင်းသည် မိမိ၏ဆန္ဒကိုဦးစားမပေးဘဲ သန့်ရှင်းသောအသက်တာဖြင့် အသက်ရှင်ရမည်ဖြစ်ပြီး ခရစ်တော်၏ခန္ဓာကိုယ်ကိုတည်ဆောက်ဖို့ရန် ဝိညာဥ်ဆုကျေးဇူးကိုအသုံးပြုကာ ခရစ်တော်အတွက် သက်သေ ခံလျက် ခရစ်တော်၏ကြီးမြတ်သောစေခိုင်းမှုကို ပြည့်စုံစေရန် တပည့်တော်မွေးထုတ်ခြင်းကို တစ်ဦးချင်းပြု လုပ်ရမည်။ ဘုရားဘုန်းတော်ထင်ရှားစေရန်အတွက် ဝိညာဥ်အသီးများကိုသီးပြီး ကောင်းမွန်စွာလုပ်ဆောင်ရ မည်ဟု ကျွန်ပ်တို့ယုံကြည်ပါသည်။ (ဂလာ ၂း၂၀၊ ၁ပေ ၁း၁၅-၁၆၊၂း၁၁၊ ၂ကော ၅း၁၄-၁၅၊ ရောမ ၆း၁၁-၁၃၊ ဧဖက် ၂း၁၀၊ ၄း၂၂-၂၄၊ ၁ပေ ၄း၁၀-၁၁၊တမန် ၁း၈၊ မဿဲ ၂၈း၁၈-၂၀၊ ကော ၁း၁၀၊ ယော ၁၅း၈၊ ၁၆၊)
၁၀။ အသင်းတော်
ခရစ်တော်သည် ဦးခေါင်းဖြစ်ပြီး အသင်းတော်သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သည်။ခရစ်တော်၌ယုံကြည်သူ များသည် အင်္ဂါချင်းဖြစ်ကြသည်။ ဒေသန္တရအသင်းတော်သည် နေရာတစ်ခုတွင်မျက်မြင်ထင်ရှားတည်ရှိနေသော ခရစ်တော်၏ ကိုယ်ခန္ဓာချင်းများဖြစ်သော ကျွန်ပ်တို့သည် တစ်ဝိ ဝိညာဥ်တည်းဖြစ်သည်။ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အချင်းချင်းချစ်လျက် ညီညွတ်မျှတမှုရှိကာ ၊စည်းလုံညီညွတ်မှုရှိရမည်ဖြစ်ပြီး တူညီသော ရည်ရွယ်ချက်အပေါ်တွင် ရိုးရှင်းမှန်ကန်သော သမ္မာကျမ်းစာအနက်ပြန်ဆိုမှုဆိုင်ရာဩဝါဒများ တူညီမှုရှိလျက်ကျင့်သုံးကာ ယင်းကျင့်သုံးမှုများသည် အမှုတော်ဆောင်ခြင်းကို အဟန့်အတားဖြစ်စေခြင်းနှင့် မညီးညွတ်မှုကို ဖြစ်စေမည်မဟုတ်ပါ။ အသင်းတော်၏ရည်ရွယ်ချက်သည် ခရစ်တော်ကိုမသိသေးသူများအား ခရစ်တော်ကို သိလာအောင်ပြုလုပ်ရန် ၊တပည့်တော်မွေးထုတ်ရန်နှင့်ဤလောက၌ ဘုရားဘုန်းထင်ရှားရန် ဖြစ်သည်ဟု ကျွန်ပ်တို့ ယုံကြည်ပါသည်။ (တမန် ၁း၈၊ ၁ကော ၁၂း၁၂-၂၇၊ ဧဖက် ၁း၂၀-၂၃၊ ၄း၁-၆၊၁၂-၁၆၊ မဿဲ ၂၈း၁၈-၂၀၊ ယော ၁ရ၊ကော ၁း၂၄-၂၉)
- Dr. A. Ko Lay
- ဥဿုံခေါင်းဆောင်မှု (SOD) ကျောင်းသားများမှာ အမှုတော်မြတ်ကို ဆောင်ရွက်ရန်ပြင်ဆင်ကြသော သူသည် ဘက်စုံပညာ – ဓမ္မပညာ၊ လူမှုရေးပညာ၊ အားကစားပညာ၊ အနုပညာတေးဂီတ ပညာများကို သင်ကြားခံယူရပါသည်။ ကျောင်းမှဆင်းသွားကြသည့်အခါ အသင်းတော်များတွင် ထိရောက်သော ခေါင်းဆောင်မှုကို ပေးကြသည့်အတွက် ကျေနပ်အားရကြသည်ဟု သိရသည်။ အသင်းတော်မဟုတ်သော လူမှုအဖွဲအစည်းများ ဤသင်တန်းမှ တက်ရောက်ခဲ့သောသူတို့ကို လိုလားကြသည်။
- ဆရာမကြီး ခင်နှင်းဝေ( ညှိနှိုင်းရေးမှူး)
- “ယေရှုသည်အစဉ်တိုင်းကြီးထွား၍ လူရှေ့ ဘုရားသခင်ရှေ့မှာ မျက်နှာရတော်မူ၏” (လုကာ ၂း၅၂) ကိုအခြေခံလျက် လူငယ်မောက်မယ်များ ဘုရားသခင်ကိုသိကျွမ်းကိုးစားသောအသက်တာဖြင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ် ဖွံ့ဖြိုးတိုးတက်လျက် လောကကြီးမှဦ အစေခံအလုပ်အကျွေးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းကို ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆင်းသွားတဲ့ ကျောင်းသား/ ကျောင်းသူများသည်လည်း မိမိတို့အသင်းတော်၊ ဝန်းကျင်၊ သာသနာကွင်းတွေမှာ အုတ်တစ်ချက်၊ သဲတပွင့်၊ ဆက်ကပ်နေကြတာတွေကြား၊သိရ၊ မြင်တွေ့ရလို့၊ ဝမ်းသာပီတိဖြစ်ပြီး၊ ကျေးဇူးတော်ချီးမွမ်းပါတယ်။ နှုတ်ကပတ်တော်၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများလည်း အတိုင်းအတာတစ်ခုအနေနဲ့ ရရှိခဲ့မှုများအပေါ် အခြေခံလျက် ဆက်လက်ပြီး ထပ်ဆင့်တည်ဆောက်ဖို့ရန် ပင်ဖြစ်သည်။
- ၂၁ ရာစုသည် လျင်မြန်စွာတိုးတက်မြောင်းလဲနေလို့ခေတ်နဲ့အမှီ တိုးတက်ဖွံ့ဖြိုးဖို့ ဆက်လက်လေ့လာ ရန်အရေးကြီးပါသည်။ ကိုယ်က ဇွဲနပဲ၊ လုံ့လဝီရိယရှိပြီး၊ ကိုးစားအားထုတ်ရင်ဖြင့် မိမိလိုရာပန်းတိုင်ကို ရောက်ရန်ပံ့ပိုးမည့် နည်းပညာ တွေလည်းအသင့်ရှိသည့်အတွက် ဘုရားသခင်၏နိုင်ငံတော်အတွက်သော်၎င်း၊ လောကီနိုင်ငံအတွက်သော်လည်းကြီးသောအမှုများပြုနိုင်သူများဖြစ်ရန်ယုံကြည်မိပါသည်။
- Rev. ဦးအောင်သက်ညွန့် (ဒါရိုက်တာ)
- ကမ္ဘာဦးအစက ဖန်ဆင်းရှင်ဘုရားသခင်သည် ဖြစ်စေ၊ ဖြစ်စေ ဟူသောအကာတခွင် ရုက္ခလောကနှင့် သတ္တလောကရှိသမျှကို ဖန်ဆင်းတော်မူခဲ့သော်လည်း မနုဿလူသားကိုမူဖြစ်စေ တစ်လုံးဖြင့် ဖန်ဆင်းတော်မူပဲ မိမ၏ သဏ္ဌာန်တော်နှင့်အညီ တသဏ္ဌာန်တည်းဖန်ဆင်းတော်မူခဲ့ပါသည်။ သို့ရာတွင်စာတန်၏ လှည့်စားမှုကျော့ကွင်းတွင် သက်ဆင်းမိရှာသော ပဌမဆုံးလူသားအာဒံနှင့်နှင့် ဧဝကြောင့် ဘုရားသဏ္ဌာန်ပျောက်ကာ ကောင်းကင်တမန်အောက်တဆင့်နိမ့်ခဲ့ရပါသည်။ ထာဝရအကြံ အစည်တော်၌ ဘုရားသဏ္ဌာန်များလျော့ခဲ့သော လူသားများအား ဘုရားသဏ္ဌ,န်နှင့် ပြန်လည်ပြည့်စုံစေရန် ဖန်ဆင်းရှင် ဘုရားသခင်သည် လူ့ဇာတိကိုခံယူ၍ လူသားများကို မူလနေရာမှန်သို့ ပြန်လည်ပို့ဆောင် ပေးတော်မူခဲ့သည့် အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုကဲ့သို့ဘုရားသဏ္ဌာန် နှင့်ပြည့်စုံတော်မူသော အရှင်သည် လူ့ဇာတိကိုခံယူတော်မူစဉ်တွင် ကဏ္ဍ (၄)ခုလုံး၌ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး စာတန်၏သွေးဆောင်မှုကို အောင်မြင်ခဲ့ပြီး ပဌမ အာဒံကျဆင်းခဲ့၍ ဘုရားဘုန်းပျောက်ကာ လူသားများကို မူလဘုရား၏ သဏ္ဌာန်နှင့် တူသော သားတော်နှင့် တသဏ္ဌာန်တည်းဖြစ်စေခဲ့ပါသည်။ ရှေးမဆွက ခန့်တော်မူသည့်အတိုင်း ပညာ၊ ရုပ်ခန္ဓာ၊ ဝိညာဉ်ရေးနှင့် လူမှုရေးကဏ္ဍ (၄) ရပ်လုံးတွင် သခင်ဘုရားကဲ့သို့ ဖွံ့ဖြိုးတိုးပွားလျှက်၊ ဤလောကကြီးက အလွန်တောင်းတမျှော်လင့်သော သခင်ဘုရားနှင့် တစ်သဏ္ဌာန်တည်း ဖြစ်လျှက် ဘုရားသားပီသစွာ လောကကို အောင်လျှက် ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်သောသူများ ဖြစ်ပါစေရန် မျှော်လင့်ယုံကြည်လျက်လုပ်ဆောင်လျက်ရှိနေသည်။
- Dr. Salai Yaw Han
- ၂၁ ရာစုသည် လူသားများအတွက် စိန်ခေါ်မှုကြီးမားသောကာလဟုပြောလျှင်မမှားပေ။ ယနေ့လူငယ် မောင်မယ်များအတွက်မိမိတို့ဘဝရည်မှန့်ချက်များထားရှိလျှက် ပြည့်စုံစေရန် အခွင့်အရေးများရှိသကဲ့သို့ တဖက်တွင် အဆီးအတားလည်းများပေသည်။ ထိုအဆီးအတားများကို ကျော်လွန်အောင်မြင်ရန်မှာ မိမိဘဝကို မည်သည့်အရာပေါ်တွင်အခြေခံအုတ်မြစ်ချလျှက် တည်ဆောက်မည်နည်းဆိုသည်ကား အလွန်အရေးကြီးပေသည်။ SOD ကျောင်းတော်ကြီးသည် လူငယ်မောင်မယ်များအတွက် စစ်မှန်သော ဘဝရည်မှန့်ချက်ပြည့်စုံစေရန်နှင့် ခိုင်ခံ့ပြီး ကြံ့ခိုင်သောဘဝအသက်တာများဖြစ်စေရန် ယေရှုခရစ်တော်၌ အခြေအမြစ်တည်လျက်နှုတ်ကပတ်တော်၌တည်ဆောက်ပေးခြင်းအား စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက် ရှိနေပါသည်။ ကျော်လွန်သွားကြပြီဖြစ်သောကျောင်းသား/သူများ၏ ဘုရားသခင်နှင့်အတူ အသက်ရှင်လျက် ရပ်တည်သွားလာလုပ်ဆောင်မှုများကို မြင်တွေ့သိရှိလျက် သက်သေများခံစားရသောအခါ ဘုရားသခင်အား အထူးချီးမွမ်းမိပါသည်။ အထူးသဖြင့် (လု ၂း၅၂) အတိုင်း ယေရှုခရစ်တော်ကဲ့သို့ ခန္ဓာပိုင်း၊ ဉာဏ်ပညာပိုင်း၊ ဝိညာဉ်ရေးရာနှင့် လူမှုရေးရာအပိုင်း ဖွံ့ဖြိုးလျက် ဘုရားအကျိုး၊ တိုင်းနိုင်ငံနှင့်လူမျိုးအကျိုး မိမိနေထိုင်ရာ အသင်းတော်နှင့် ဝန်းကျင်အကျိုး စွမ်းစွမ်းတမံလုပ်ဆောင်နေသောသူများအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ဆက်လက်ပြီး မိမိ၏နိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်သို့ရောက်ရှိလျက်ဘုရား ဘုန်းထင်ရှားစေသော သူများအဖြစ်သို့ ရောက်ရှိရန်လည်း ယုံကြည်မျှော်လင့်လျက်ရှိနေပါသည်။