BTCP online form download link
အခြေပြုကျမ်းချက်
ခရစ်တော်၏ ကိုယ်တော်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်း အလိုငှာ ထိုသခင်သည် အချို့တို့ကို သင်းအုပ်အရာ၊ အချို့တို့ကို ဆရာအရာ၌၎င်း ခန့်ထားတော်မူ၏။ (ဧဖက် ၄ : ၁၁-၁၂)
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။(မဿဲ ၂၈း၁၉)
ရည်ရွယ်ချက်
သင်းအုပ်များ/အသင်းတော်ခေါင်းဆောင်/အမှုတော်ဆောင်ဆရာ ဆရာမများအား လက်တွေ့ဆောင် ရွက်ရန်၊ သင်းအုပ်ကောင်း/ အသင်းတော်ခေါင်းဆောင်ကောင်း/အမှုတော်ဆောင်ကောင်းတစ်ဦး အတွက် လုံလောက်သောအရည်အချင်းနှင့် ထိရောက်စွာအမှုတော်ဆောင်ရွက်နိုင်ရန်၊ သမ္မာကျမ်းစာ နှင့်စပ်လျဥ်း၍ ဓမ္မပညာလိုအပ်သောအမှုတော်ဆောင်များအတွက် သမ္မာကျမ်းစာကိုပိုမိုသိရှိနားလည် နိုင်ရန်၊ ခရစ်တော်ကဲ့သို့ဝန်းကျင်ကို ပြောင်းလဲပေးနိုင်သော အမှုတော်ဆောင်ကောင်းများ ပေါ်ထွက်လာနိုင်ရန်ရည်ရွယ်ပါသည်။
အကျိုးကျေးဇူး
သင်းအုပ်/အသင်းတော်ခေါင်းဆောင်များ/အမှုတော်ဆောင်များအတွက် ဆက်လက်၍အမှုတော်မြတ်လုပ်ငန်း ကို လုပ်ဆောင်သွားနိုင်ရန်၊အခြေခံကောင်း(သို့) သုတေသနပြုရန်အတွက် စာကြည့်တိုက်တစ်ခုဖြစ်နေသည့် အပြင်၊ သင်းအုပ်/အသင်းတော်ခေါင်းဆောင်/အမှုတော်ဆောင်များအား နှစ်ပေါင်းများစွာ နှုတ်ကပတ်တော် ဝေငှခြင်း၊ သမ္မာကျမ်းစာသင်ကြားပေးခြင်းနှင့် အအမှုတော်မြတ်လုပ်ငန်းတွင် ထိရောက်စွာဖြင့်အချက်အလက် မြောက်များစွာ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအပြင် ဝန်းကျင်အတွက်လည်း ထိရောက်ထက်မြက်ကာ ခရစ်တော် ကဲ့သို့သော ဝန်းကျင်ကို ပြောင်းလဲပေးနိုင်သောသူများဖြစ်လာနိုင်မည့်အပြင် online ဖြစ်သောကြောင့် မိမိရှိသည့်နေရာမှ အလုပ်အကိုင်မပျက် သင်ကြားခံယူနိုင်မည်ဖြစ်သည်။
လျှောက်ထားသူ(အမည်) ______________သည် ဥဿုံဖွံ့ဖြိုးရေးခေါင်းဆောင်မှုတက္ကသိုလ် သို့ တက်ရောက်ရန် လျှောက်ထားပါသည်။ အောက်ပါဖော်ပြထားသော အချက်အလက်များကို ပြည့်စုံစွာဖော်ပြပေးခြင်းဖြင့် လျှောက်ထားသူအား များစွာအထောက် အကူပြုနိုင်ပါသည်။ စာအိတ်ပိတ်လျှက် ဝင်ခွင့်လျှောက်ထားသူမှတဆင့် ကျောင်းသားရွေးချယ်ရေးအဖွဲ့သို့ Form များအား ၃၀ ၊ဇွန်လ ၊ ၂၀၂၂ (သောကြာနေ့ )တွင် ပြန်လည်ပေးပို့ပါရန် အသိပေးအပ်ပါ သည်။ အထူးကျေးဇူးတင်ပါသည်။
ပေပို့ရမည့် လိပ်စာ များ Viber number – 09 425200397,09422300078
Gmail – starofdawn54@gamil.com
BTCP online form download link
သင်ကြားမည့်ဘာသာရပ်များ
- သမ္မာကျမ်းစာလေ့လာနည်းများ နှင့် အနက်အဓိပ္ပာယ်ပြန်ဆိုခြင်းစည်းမျဉ်းများ
- ဓမ္မဟောင်းကျမ်းအားခြုံငုံလေ့လာခြင်း
- ဓမ္မသစ်ကျမ်းအားခြုံငုံလေ့လာခြင်း
- သမ္မာကျမ်းစာကိုအခြေခံသည့် ဒေသနာများဟောကြေားခြင်း
- သမ္မာကျမ်းစာဩဝါဒများ
- တစ်ဦးချင်းဝိညာဉ်ရေးရာအသက်တာ
- အသင်းတော်ဆိုင်ရာ စီမံခန့်ခွဲမှု ၊ အုပ်ချုပ်ခြင်းနှင့် ဓမ္မပညာ
- သင်းကြားခြင်းဆိုင်ရာ အခြေခံအချက်နှင့် နည်းများ
- အသင်းတော်သမိုင်းလေ့လာခြင်း
- သာသနာပြုခြင်း ၊ ဧဝံဂေလိတရားဝေငှခြင်းနှင့် တပည့်တော်ဖြစ်စေခြင်း
The Second Class of BTCP Third Batches